တောင်ငူမြို့နယ်အတွင်း ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ခင်ဗျား.. မိမိတို့ရဲ့ ဆိုင်ခန်းများကို facebook messenger/viber တို့က တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်.. မကြာမီကာလတွင် free ထည့်သွင်းပေးသည့် promotion ကာလ ကုန်ဆုံးတော့မည်ဖြစ်ပါသည်...





ပြည်ကျောင်း / ဆင်ကြီးနှစ်ကောင်ကျောင်း

ပြည်ကျောင်း / ဆင်ကြီးနှစ်ကောင်ကျောင်း

Category: 🏯Pagoda / ဘာသာရေးအဆောက်အဦး

Map Description
Get Directions

တောင်ငူမြို့ ရွှေဆံတောင်ဘုရား မြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ၁၉၀၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် မြေပိုင်ရှင်သူဌေးကြီး ဦးထွန်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး နှစ်ထပ်အုတ်ကျောင်းကြီး ဖြစ်ပါသည်။ ထိုစဉ်က ရွှေဆံတော်ဘုရားဝန်းကျင်တွင် လှပထည်ဝါသည့် ကျောင်းတိုက်ကြီးများ ဝန်းရံလျက်ရှိကာ ဒုတိယကမ္ဘာစစ်အတွင်း မီးရှို့ခံရသဖြင့် ဘုန်းကြီးကျောင်းများ အများအပြား ပျက်စီးခဲ့ရပြီး ပြည်ကျောင်းမှာမူ အုတ်နံရံများ ထူသောကြောင့် မပျက်စီးဘဲ ကျန်ရစ်ခဲ့ပါသည်။